တရားစီရင်ရေး နှင့် တရားရုံးများ


ဦးထွန်းအောင်သာ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၉ ၊ မတစ ၊ ၅၈

                 ပြည်သူအများက နားလည်လက်ခံခြင်းသည် တရားစီရင်ရေး၏ အဓိက မှတ်ကျောက်ဖြစ်သည်၊ အဓိက တန်းခိုးအာနိသင်ဖြစ်သည်၊


မောင်ထန်ခုပ် ပါ ၃ နှင့် ဦးလွှန်းထမ်း ၁၉၆၇ ၊ မတစ ၊ ၄၈၉

                 တရားဥပဒေနှင့် အဓိက ရည်ရွယ်ချက်နှင့် လုပ်ရပ်သည် မြို့ရွာနိုင်ငံအေးချမ်းလုံခြုံ၍ စည်းလုံးညီညွှတ်စေရန်ဖြစ်သည်၊ ထိုသို့ဖြစ်ထွန်းနိုင်စေရန် တရားဥပဒေများသည် တရားမျှတရသည်၊ အများက နားလည်သိကျွမ်း၍ နှလုံးကိန်း၀ပ်လက်ခံရသည်၊ ဥပဒေနှင့်လုပ်ထုံးဟူသည်မှာလည်း ကာလဒေသလိုက်၍ ကိုက်ညီလျော်ကန်စေရသည်။


ဒေါ်မိမိကျော် / ဦးကျော်လှ  နှင့် ဒေါ်နန်းအေးအေး ၁၉၉၅ ၊ မ တ စ ၊ ၉၇ 

                    တရားရုံးဟူသည် အမှန်တရားကို ဆုံးဖြတ်ပေးသည်၊ အငြင်းပွားမှုကို ဖြေရှင်းပေးသည်၊ မမျှမတ မမှန်မကန်လုပ်ဆောင်မှုများကို ကာကွယ်စောင့်လျောက်ပေးသည့် နေရာဌာနဖြစ်ပေသည်၊ ပြည်သူလူထု၏ ယုံကြည်အားကိုးရာဖြစ်သော တရားရုံးတွင် တရားရုံး၏အာဏာကို အလွဲသုံးစားပြုကာ မလိုမုန်းထားသူတို့အား နှိပ်စက်ညှင်းပန်းရန် မသမာစိတ်ဖြင့် တရားစွဲဆိုခြင်းကို မပြုလုပ်အပ်ပေ၊


ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် မောင်ရွှေ (ခ) မောင်ရှည် ပါ ၂ ၁၉၆၆ ၊ မ တ စ ၊ ၆၁၆ ၊

                     တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ယုံမျှသာမကဘဲ ထိုသို့အမှန်တရားကို စီရင်ကြောင်း အများမြင်စေရာသည်၊


မခင်ညွန့်နှင့် ဦးချစ်ဆိုင် ၁၉၆၆ ၊ မတစ ၊ ၁၁၈

                     တရားစီရင်သည်ဆိုရာ၌ တရားမျှတမှုကိုပြုယုံနှင့်မပြီး တရားမျှတမှုပြုကြောင်းနှစ်ဘက်အမှု သည်များနှင့်တကွ အများပြည်သူတို့မြင်စေရသည်၊


ဦးစိန်ဟန် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၊ ၁၉၆၆ ၊ မတစ (အထူး) ၊ ၁၇၂ ၊

                     ဥပဒေမျက်စိတွင် ချမ်းသာသူ၊ဆင်းရဲသူ၊ နိမ့်သူ၊ မြင့်သူစသည်ဖြင့် ခွဲခြား၍မထား။ မှန်ကန်မျှတသော တရားကို အားလုံးတူညီစွာ ပေးရန်ဖြစ်သည်၊


မောင်ဘိုးခွေး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၂ ၊ မတစ (ရုံးချုပ်) ၆၈၄

                     အပြစ်ရှိသူကို ထိုက်သင့်သောအပြစ်ပေးရန်၊ အပြစ်မရှိသူကို ဥပဒေအရအကာအကွယ်ပေးရန်မှာ တရားရုံးများ၏ အဓိက၀တ္တရားဖြစ်သည်၊


Comments