Company Liquidation

တိုးတက်မှုမရှိတော့တဲ့စီးပွားရေးလုပ်ငန်းများကိုရပ်တန့်ရန်အတွက်သင့်ကုမ္ပဏီကိုတရားဝင်ဖျက်သိမ်းသင့်ပါတယ်။


ကုမ္ပဏီတစ်ခုကိုတရားဝင်ဖျက်သိမ်းရာတွင်

အောက်ပါနည်းလမ်း၃ခုဖြင့်ဖျက်သိမ်းခြင်းအားတရားဝင်ပြုလုပ်နိုင်ပါသည်။ 


၁။ တရားရုံး၏ဆုံးဖြတ်ချက်ဖြင့်ဖျက်သိမ်းခြင်း (Winding up by court)  

၂။ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း (Voluntary Winding Up)

၃။ တရားရုံး၏ကြီးကြပ်မှုဖြင့်ဖျက်သိမ်းခြင်း (Winding up subject to supervision of court) 


ဆန္ဒအလျှောက်ဖျက်သိမ်းခြင်းဟုဆိုရာတွင်ကုမ္ပဏီတွင်ပါဝင်သောသူများ၏ဆန္ဒအလျှောက်ဖျက်သိမ်းခြင်းနှင့် မြီးရှင်များ၏ဆန္ဒအလျှောက်ဖျက်သိမ်းခြင်းဟူ၍၂မျိုးရှိပါသည်။ 


ဒါရိုက်တာအဖွဲ့ဝင်များ၏ဆန္ဒအလျှောက်ဖျက်သိမ်းလိုပါကလွယ်ကူရိုးရှင်းစွာဖျက်သိမ်းနိုင်ရန်ဆက်လက်ဖတ်ရှုပေးပါခင်ဗျာ။ 


ဆန္ဒအလျောက်ဖျက်သိမ်းခြင်း (Voluntary Winding Up)


ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက်ဖျက်သိမ်းခြင်းများ ပြုလုပ်မည်ဆိုပါက MyCO တွင် Form J-4, J-7, J-5(A) တင်ပြပေးရမှာဖြစ်ပါတယ်။ 


ပထမအဆင့် J-4 Form (ဆန္ဒအလျှောက်ဖျက်သိမ်းခြင်းတွင် တင်ပြခြင်းတွက်ကြွေးမြီပေးခြေနိုင်ကြောင်းကြေငြာချက်) 


Myco သို့ J-4 Form ည-၄ဖောင် တင်ပြရာတွင် လျှောက်လွှာနှင့်အတူ

👉 ဒါရိုက်တာအဖွဲ့ဝင်များ၏အစည်းအဝေးဆုံးဖြတ်ချက်အရ ကုမ္ပဏီနှင့်ပတ်သက်သည့်ကြွေးမြီများအားပေးချေနိုင်ကြောင်းကြေငြာချက်။ (သတင်းစာကြေငြာနှင့် နိုင်ငံတော်ပြန်တမ်းကြေငြာ) 

👉 ဒါရိုက်တာအဖွဲ့ဝင်များက ကုမ္ပဏီနှင့်ပတ်သက်သည့်ကြွေးမြီများအား ၃နှစ်အတွင်းပေးချေနိုင်ကြောင်း တရားရုံးကျမ်းကျိန်လွှာ။ 

👉 ကုမ္ပဏီကိစ္စများနှင့်စပ်လျဉ်း၍ ကုမ္ပဏီစာရင်းစစ်များ၏အစီရင်ခံစာ (Liquidation financial statement) 

တို့ကို Pdf File ဖြင့်ပူးတွဲတင်ပြပေးရပါမည်။ 


ဒုတိအဆင့် J-7 Form (စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ ခန့်အပ်မှုအကြောင်းကြားစာ)


Myco သို့ J-7 Form ည-၇ဖောင်ဖြင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ(CPA or တရားလွှတ်တော်ရှေ့နေ)၏ အချက်အလက်များအားတင်ပြပေးရပါမည်။ 


မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၃၇၆ (က) တွင် ပြဋ္ဌာန်းထားသည်မှာ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက အကြောင်းတစ်စုံတစ်ရာကြောင့် မရှိသည့်ကိစ္စရပ်များတွင် တရားရုံးသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိတစ်ဦးကို ခန့်အပ်နိုင်သည်။ ပုဒ်မ ၃၇၆ (ဂ) တွင် ဖော်ပြထားသည်မှာ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိသည် ၎င်းအား ခန့်အပ်ပြီးနောက် ၂၁ ရက်အတွင်း မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်ဖော်ပြထားသည့် ပုံစံ ည-၇ (J-7) ဖြင့် ခန့်အပ်မှုအကြောင်းကြားစာကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရပါမယ်။


👉 စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏အစီရင်ခံစာနှင့်စာရင်းရှင်းတမ်းများအားတင်ပြဆွေးနွေးရန်အစည်းအဝေးကျင်းပရန်ကြေငြာချက်။ (သတင်းစာကြေငြာ)


👉 အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့်ပတ်သက်သည့်အစည်းအဝေးပြုလုပ်ပြီး နောက်ဆုံးအတည်ပြုကြေငြာချက် (နိုင်ငံတော်ပြန်တမ်း) 


တတိယအဆင့် J-5(A) (ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၏ အပြီးသတ်စာရင်း)


Myco သို့ J-5(A) ည-၅(က) Form တင်ပြရာတွင် လျှောက်လွှာနှင့်အတူ


👉 စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏အပြီးသတ်စာရင်းရှင်းတမ်း။ 


👉 ပြည်တွင်းအခွန်များဦးစီးဌာနမှ ကုမ္ပဏီအတွက် အခွန်ကင်းရှင်းကြောင်း။ 


တို့ကို Pdf File ဖြင့်ပူးတွဲတင်ပြပေးရပါမည်။ 


J-5(A) တင်ပြီးအချိန်မှစ၍ ရက်ပေါင်း ၉၀ အတွင်း Myco DICA မှာ ဖျက်သိမ်းပြီးကြောင်း (Liquidated status) အားပြန်လည်ရရှိပါမည်။ 


ယခုဖော်ပြထားသော J Form ညဖောင်များသည်လက်ရှိဖျက်သိမ်းခြင်းပြုလုပ်နေသောကုမ္ပဏီများအတွက်သာအသုံးပြုနိုင်မည်ဖြစ်ပြီး လူမွဲခံယူခြင်းဆိုင်ရာနည်းဥပဒေ (Insolvency Law) ထွက်ရှိပြီးနောက်ပိုင်းတွင်ဖျက်သိမ်းလိုသောကုမ္ပဏီများသည် လူမွဲခံယူခြင်းဆိုင်ရာပုံစံအသစ်များဖြစ်သာဖျက်သိမ်းရမည်ဖြစ်ပြီး J Form များအားအသုံးပြု၍မရနိုင်တော့ကြောင်းကြိုတင်အသိပေးလိုက်ပါတယ်။ 

Comments