မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေမှု နှစ်မျိူး

              မသိန်းစောအေး နှင့် ဒေါ်မချေ ပါ ၁၃

                     ၂၀၀၄ မ.တ.စ.စာ - ၁၃၆

ဆုံးဖြတ်ချက်။           ။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာဝင်တစ်ဦး ကျန်ရစ်သော အမွေပစ္စည်းအပေါ်အရေးဆိုသည့်   အမွေမှု နှစ်မျိူးနှစ်စား ရှိသည်။ တစ်မျိူး မှာ မိဘတစ်ပါးပါးကွယ်လွန်သည့်အခါ သြရသ သားသမီးက ကျန်ရစ်သူမိဘထံမှ အမွေရခွင့်နှင့် ကျန်ရစ်သူမိဘနောက်အိမ်ထောင်ပြုသောအခါ  သားသမီးများက ထိုမိဘထံမှ အမွေရခွင့်အပေါ်အခြေခံ၍ စွဲဆိုသောအမှု ဖြစ်သည်။

         ကျန်တစ်မျိူးမှာ အခြားအမွေရှင်ထံမှ အမွေရခွင့်အပေါ် အခြေခံကာ ပူးတွဲအမွေဆိုင်အပေါ် စွဲဆိုသောအမွေစီမံခန့်ခွဲမှု ဖြစ်သည်။

Comments