မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ ၂၀၂၂ ပါပြစ်မှုများအကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေပါပြစ်မှုများအကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကို(၂၅-၃-၂၀၂၂)ရက်နေ့
တွင် ပြဌာန်းခဲ့သည်။ဤဥပဒေတွင် အခန်းပေါင်း(၁၈)
ခန်းနှင့်ပုဒ်မပေါင်း(၆၉)ခုပါရှိသည်။ဤဥပဒေပြဌာန်း
ပြီးနောက်ပုဒ်မ ၆၉ အရ The Yongon Police Act ,
1899(၁၈၉၉ ခုနှစ်၊ရန်ကုန်ရဲအက်ဥပဒေ)၊The Police
Act ,1945(၁၉၄၅ ခုနှစ်၊ရဲအက်ဥပဒေ)၊၁၉၅၉ ခုနှစ်၊
ကရင်ပြည်နယ်ရဲအဖွဲ့အက်ဥပဒေ၊၁၉၅၉ ခုနှစ်၊ကယား
ပြည်နယ်ရဲအဖွဲ့အက်ဥပဒေတို့ကို ရုပ်သိမ်းလိုက်ပါသည်။
ရဲတပ်ဖွဲ့ဝင်တို့သည် ယခင်က ရာဇဝတ်ကျင့်ထုံးဥပဒေ
၁၆၅ အရ မိမိတို့စုံစမ်းစစ်ဆေးနေသည့်အမှုများမှ သက်
သေခံပစ္စည်း တစ်စုံတစ်ရာကို ဝင်ရောက်ရှာဖွေလိုပါက
ဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေခွင့်ရှိပြီး မိမိတို့စုံစမ်းစစ်
ဆေးနေသည့်အမှု မသက်ဆိုက်လျှင် နေအိမ်ဝင်ရောက်
ရှာဖွေခွင့်ကို အထူးဥပဒေတစ်ရပ်ရပ်၏ပြဌာန်းချက်မှ
အပ တရားသူကြီး၏ ဝရမ်းကို ရယူရန်လိုအပ်သည်။
ယခုပြဌာန်းလိုက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေပုဒ်မ
၂၀ တွင် "ရဲစခန်းမှူးနှင့်အထက် အရာရှိတစ်ဦးဦးသည်
လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့်မှုခင်းကျဆင်းရေး
အတွက် စစ်ဆေးရန်လိုအပ်နေသော နေအိမ်၊အဆောက်
အအုံ၊ဝင်းခြံ၊ပရဝုဏ်နှင့်ယာဉ်တစ်ခုခုသို့ လုံလောက်
သော အကြောင်းပြချက်ဖြင့် ဥပဒေနှင့်အညီ ဝင်ရောက်
စစ်ဆေးနိုင်ခွင့်ရှိသည် သို့မဟုတ် ဒုတိယရဲအုပ်အဆင့်
ထပ်မနိမ့်သော ရဲအရာရှိတစ်ဦးဦးကို လွှဲအပ်နိုင်သည် "
ဟု ပြဌာန်းထားသည်။ဤပြဌာန်းချက်အရ ရဲစခန်းမှူးတို့
သည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၅ အရ မိမိတို့
စုံစမ်းစစ်ဆေးလျှက်ရှိသော အမှုများမှ သက်သေခံ
ပစ္စည်းတစ်စုံတစ်ရာကို ဝရမ်းမပါဘဲ နေအိမ်၊အဆောက်
အအုံ၊ရေယာဉ်တစ်ခုခုသို့ ဝင်ရောက်ရှာဖွေခွင့်ရှိသည်
သာမက အထူးဥပဒေတစ်ရပ်ရပ်က ဝရမ်းလိုအပ်
ကြောင်း ပြဌာန်းထားသည့် ကိစ္စရပ်မှအပ ကျန်ကိစ္စများ
အတွက် ဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေ စစ်ဆေးခွင့်ကို
ဤဥပဒေပုဒ်မ ၂၀ အရ ခွင့်ပြုထားသည်။
ဤဥပဒေပုဒ်မ ၄၂ အရ ရဲတပ်ဖွဲ့ဝင်အား တည်ဆဲဥပဒေ
တစ်ရပ်ရပ်အရ အရေးယူရန်လိုအပ်ပါက ရဲတပ်ဖွဲ့က စုံ
စမ်းစစ်ဆေးအရေးယူမှုဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်း
နှင့်အကျုံးဝင်လျှင် ရဲချုပ်ထံမှ တရားစွဲဆိုခွင့်ပြုမိန့်ကို
ရယူရမည်။အခြားတရားစွဲအဖွဲ့အစည်းတစ်ခုခုက စုံစမ်း
စစ်ဆေး အရေးယူမှုဖြစ်လျှင် ရဲချုပ်ထံမှ ဖမ်းဆီးချုပ်
နှောင်ခွင့်နှင့်တရားစွဲဆိုခွင့်ရယူရမည်ဖြစ်သည်။မြန်မာ
နိုင်ငံရဲတပ်ဖွဲ့ဥပဒေသည် အထူးဥပဒေတစ်ရပ်ဖြစ်သည့်
အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ ပါ ပြဌာန်း
ချက်ကို လွှမ်းမိုးသွားသဖြင့် ဤဥပဒေပါ ပြဌာန်းချက်
များကိုသာ လိုက်နာရမည်ဖြစ်သည်။
ပုဒ်မ ၆၁ သည်စည်းကမ်းသေဝပ်တည်ငြိမ်ရေးနှင့်မှုခင်း
ကြိုတင်ကာကွယ်ရေးဆိုင်ရာ အရေးယူပိုင်ခွင့်များကိုပြ
ဌာန်းထားသည် ပုဒ်မ ဖြစ်သည်။ယခင်က ရန်ကုန်ရဲအက်
ဥပဒေနှင့်ရဲအက်ဥပဒေများပါ ပြဌာန်းချပ်များကို ကူး
ပြောင်း ပြဌာန်းလိုက်သည့် သဘောပင်ဖြစ်သည်။ယခင်
က ရဲအက်ဥပဒေ အတည်ဖြစ်သည့် မြို့၊ရွာများတွင်သာ
ရဲအက်ဥပဒေပုဒ်မ ၃၅၊၃၆၊နှင့် ၄၇ တို့ကို အရေးယူခွင့်ရှိ
ခဲ့ကြသော်လည်း ဤဥပဒေပြဌာန်းလိုက်သည့်အခါ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏မည်သည့်ဒေသ
တွင်မဆို ကြိုတင်ကာကွယ်အရေးယူခွင့်ရရှိသွားလေ
သည်။ထို့အပြင် ရဲအက်ဥပဒေပါ အချို့ပုဒ်မများသည်
ရဲအရေးယူပိုင်ခွင့်မရှိသော ပုဒ်မများဖြစ်ကြရာ တရား
ရုံးများသို့ ရဲစခန်းမှတ်ပုံတင် ၂၅ ဖြင့် ဦးတိုက်တိုင်
လျှောက်ခဲ့ရသည်။ဤဥပဒေ ပြဌာန်းလိုက်သည့်အခါ
ယခင် ရဲအက်ဥပဒေအရ ရဲအရေးယူပိုင်ခွင့်မရှိသည့်
အကြောင်းအရာတို့သည် ရဲအရေးယူပိုင်ခွင့်ရှိသည့် ပြစ်
မှုများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ပုဒ်မ ၆၁ သည် ယခင်က ရန်ကုန်ရဲအက်ဥပဒေနှင့်
ရဲအက်ဥပဒေတို့အရ အရေးယူခဲ့သည့် ပြစ်မှုများကို
စုစည်း ပြဌာန်းထားခြင်းဖြစ်ပြီး ပြစ်ဒဏ်ကို တိုးမြှင့်
ထားကာ ငွေဒဏ်ကိုလည်း ခေတ်နှင့်လျော်ညီစွာ
သတ်မှတ်ထားသည်။ပုဒ်မ ၆၀ ၏ ခြေဆင်းတွင် ဝရမ်း
မပါဘဲ ဖမ်းဆီးခွင့်ရှိကြောင်း ပြဌာန်းထားသဖြင့်
ပုဒ်မ ၆၁ သည် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်ပါ
သည်။ရဲစခန်းတွင် ပထမသတင်းပေးတိုင်ချက်ရေးဖွင့်
ရမည့် ပြစ်မှုများ ဖြစ်ကြပါသည်။
ဤဥပဒေပုဒ်မ ၆၄ သည် ပုဒ်မ ၆၁ အရ အရေးယူသည့်
ပြစ်မှုများအတွက် ကာလစည်းကမ်းသတ်ဖြစ်သည်။
ကျူးလွန်သည့် ရက်မှ ရက်ပေါင်း ၉၀ ကျော်သည့်တိုင်
အောင် တရားစွဲဆိုခြင်းမပြုပါက တရားစွဲဆိုခွင့်ကာ
လ ကုန်ဆုံးလေသည်။ကာလစည်းကမ်းသတ် ကုန်ဆုံး
သည်ဟု ခေါ်ဆိုပါကြောင်း ရေးသားတင်ဆက်လိုက်ရပေ
သည်။
Comments
Post a Comment