BCC ဆိုသည်မှာ

BCC စာရွက်ဆိုတာ ( Building Complete Certificate ) (လူနေထိုင်ခွင့်ပုံစံ) စာရွက်လို့ ခေါ်ဆိုပါတယ်။ အဲဒီစာရွက်လေးဟာ တိုက်ခန်းတစ်ခန်းဝယ်ယူပါက BCC အပါအဝင်အခြား သက်ဆိုင်သော စာရွက်စာတမ်းတွေကိုလည်းစစ်ဆေးသင့်ပါသည်။


 ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေအလွယ်ပြောပါတယ် ။ အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ မသိစိတ်က ထင်မှတ်ထားကြပါတယ် ။


ဒါပေမယ့် ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလွှာလို့ ခေါ်တာပါ။


 လူတွေပြောနေကြတဲ့ လူနေထိုင်ခွင့် ဆိုတာနဲ့ သဘောတရားကတော့ အတူတူပါပဲ အဆောက်အဦးဆောက်လုပ်တာ ပြည့်စုံပြီးစီးသွားပါပြီ ဒါကြောင့် လူနေလို့ ရပြီဆိုတဲ့ သွယ်ဝိုက်အသိပေးတဲ့ လူနေထိုင်ခွင့်စာရွက်ပါဘဲ ။ 


ဒါပေမယ့် ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလွှာကို ခေါ်တာပါ..။ အဆောက်အဦးပြီးစီးကြောင်း တရား၀င်အသိအမှတ်ပြုတာကို မြန်မာအများစုက မြန်မာမှုပြုလိုက်တာမှာ လူနေခွင့်လို့ ဖြစ်သွားပါတယ်..။ သဘောတရားကတော့ အတူတူပါပဲ..။ အဆောက်အဦးဆောက်လုပ်တာ ပြည့်စုံပြီးစီးသွားပါပြီဆိုတော့ လူနေလို့ ရပြီပေါ့..။ လူနေလို့ရပြီလို့ သွယ်ဝိုက်အသိပေးတဲ့ ဘီစီစီစာရွက်ဆိုတာ လူနေခွင့်စာရွက်ပေါ့..။


ဘုတ်စိမ်းစာရွက်(လူနေထိုင်ရန် လို့ ပါတဲ့စာရွက်)ပဲပြနိုင်ရင် တရား၀င် ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်..။ အဆောက်အဦးပြီးစီးကြောင်း စာရွက် ဘီစီစီတော့ တင်မထားဘူးလို့ အဓိပ်ပါယ်ရပါတယ်..။ 


လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ရပ်ကွက်တွေမှာ ဘုတ်စိမ်း(ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး..ဘီစီစီစာရွက်မပါတဲ့တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ ရပ်ကွက်တစ်ချို့ရှိပါတယ်..။

Comments