အကြောင်းကြားစာ (သက်သေခံ ၆၆)
သက်သေခံအက်ဥပဒေ ပုဒ်မ ၆၆
အမိန့် ၁၁ နည်း ၁၅ ၊အမိန့် ၁၁ နည်း ၁၆
အမိန့် ၁၂ နည်း ၈
×××××××××××××××××××××××××××
သက်သေခံဥပဒေ ပုဒ်မ ၆၆ အရ အကြောင်းကြားစာ
ပေးပို့ခြင်းမှာ သက်သေခံဥပဒေ ပုဒ်မ ၆၅(က)ပါအ
ကြောင်းများဖြင့် ဒုတိယဆင့်သက်သေခံချက်ကိုသက်
သေခံအဖြစ်တင်ပြနိုင်ရန်အတွက်ဖြစ်ပါသည် ။ အထူးသဖြင့်တရားမကြီးမှု့များတွင် မိမိကသက်သေခံအဖြစ်
တင်ပြလိုသည့်စာရွက်စာတမ်း၏မူရင်းမှာမိမိလက်ဝယ်
မရှိသည့်အခါ မူရင်းရှိသူအား မူရင်းစာရွက်စာတမ်းအား
ရုံးတော်ရှေ့တင်ပြပေးရန်အကြောင်းကြားသည့်အခါ
သက်သေခံဥပဒေပုဒ်မ ၆၆ ကိုရည်ညွှန်း၍အကြောင်း
ကြားစာပေးရပါသည် ။
သက်သေခံဥပဒေပုဒ်မ ၆၆ အရအကြောင်းကြားစာ
ပေးပို့ရာတွင် အမိန့် ၁၂ နည်း ၈ အရအကြောင်းကြား
စာကိုပါပူးတွဲပေးပို့ရပါသည် ။ ထိုသို့ပူးတွဲပေးပို့ရ
ကြောင်း နောက်ပိုင်း Juniors မသိသူကများပါသည်။
သက်သေခံဥပဒေပုဒ်မ ၆၆ တခုတည်းရည်ညွှန်း၍အ
ကြောင်းကြားစာပေးနေကြပါသည် ။
ထိုသို့အကြောင်းကြားစာပေးပို့သည့်ကိစ္စကို တရားရုံး
သို့လျှောက်ထားရန်မလိုအပ်ပါ ။ အကြောင်းကြားစာ
လက်ခံမည်သူအမည်ဖော်ပြ၍တိုက်ရိုက်ပေးရပါသည်။
အကြောင်းကြားစာပေးအပ်ထားကြောင်းတရားရုံးကသိ
ရှိစေရန်အတွက် မိတ္တူတစောင်တင်ပြရန်သာဖြစ်ပါသည်။ အကြောင်းကြားစာပုံစံကို တရားမကျင့်ထုံး
နောက်ဆက်တွဲများတွင်ဖော်ပြထားပါသည် ။
သက်သေခံဥပဒေပုဒ်မ ၆၆ အရပေးပို့သည့်အကြောင်း
စာကို အမိန့် ၁၁ နည်း ၁၆ အရပေးပို့ရမည်ဟုရေးသား
ထားသည့်ပို့စ်တခုဖတ်ရပါသည် ။ ထိုဖော်ပြမမှန်ပါ ။
အထက်တွင်ဖော်ပြထားသကဲ့သို့ အမိန့် ၁၂ နည်း ၈ အ
ရပေးခြင်းဖြစ်ပါသည် ။
အမိန့် ၁၁ နည်း ၁၆ မှာ အမိန့် ၁၁ နည်း ၁၅ အတွက်ဖြစ်
ပါသည် ။ အမိန့် ၁၁ နည်း ၁၅ အရအကြောင်းကြားစာ
ကိုတရားမကြီးမှုတိုင်းလိုလိုတွင်ပေးနေကြသဖြင့်အထူး
ဖော်ပြရန်မလိုအပ်တော့ပါ ။ သို့ရာတွင် အချို့ရှေ့နေများ
က အမိန့် ၁၁ နည်း ၁၅ အကြောင်းကြားစာကိုတဖက်အ
မှုသည်အားတိုက်ရိုက်မပေးဘဲ ရုံးကိုလျှောက်ထားနေကြ
သည်ကိုလည်းမကြာခနတွေ့ရတတ်ပါသည် ။တရားရုံး
ကိုလျှောက်ထားရန်မလိုဘဲတဖက်အမှု့သည်အားတိုက်
ရိုက်ပေးရန်ဖြစ်ပါသည် ။ တဖက်အမှု့သည်က ကြည့်
ရှု့ခွင့် မိတ္တူကူးယူခွင့်ငြင်းပယ်သည့်အခါမှသာရုံးကို
လျှောက်ထားရပါမည် ။ အမိန့် ၁၁ နည်း ၁၆ ပုံစံကို
လည်း တရားမကျင့်ထုံးနောက်ဆက်တွဲပုံစံများတွင်ဖော်
ပြထားသည် ။
နိဂုံးချုပ်တင်ပြရပါက သက်သေခံဥပဒေ ပုဒ်မ ၆၆ အရ
အကြောင်းကြားစာပေးပို့မည်ဆိုပါက အမိန့် ၁၂ နည်း ၈
နှင့်အတူပူးတွဲပေးပို့ရပါသည် ။ ရှေးဆရာကြီးများက
တော့ သက်သေခံဥပဒေ ၆၆ အရအကြောင်းကြားစာတ
စောင် ၊ အမိန့် ၁၂ နည်း ၈ အရ အကြောင်းကြားစာတ
စောင်သီးခြားစီရေးသားပြီး နှစ်စောင်ပူးတွဲပေးပို့လေ့
ရှိပါသည် ။ တစောင်တည်းတွင်နှစ်မျိုးပေါင်းရေးလေ့
မရှိကြပါ ။ ထိုသိုပေါင်းမရေးခြင်းမှာ ဥပဒေ နှစ်မျိုးကို
ကိုးကားထားသည့်အတွက်သီးခြားစီရေးသားရခြင်း
ဖြစ်ပါသည် ။
အကြောင်းကြားစာများကို တဖက်အမှုသည်သို့တိုက်ရိုက်ပေးပို့ရန်နှင့်တ
ရားရုံးသို့လျှောက်ထားရန်လိုအပ်ခြင်းမရှိသည်ကိုသ
တိပြုကြရန်ဖြစ်ပါသည် ။
Comments
Post a Comment