ပဋိညာဉ်အတိုင်းဆက်လက်ဆောင်ရွက်ပေးစေလိုမှု
ပဋိညာဉ်အတိုင်းဆက်လက်ဆောင်ရွက်ပေးစေလိုမှု
Performance of contract
(သီးခြားသက်သာခွင့်ဥပဒေပုဒ်မ- ၁၂ )
****************************
စျေးကွက်စီးပွါးရေးစံနစ်နှင့်အတူ ဖြစ်ထွန်း
လာသည့်စီးပွါးရေးလုပ်ငန်းတစ်ခုကို ပြပါဆိုလျှင်
အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းကိုညွှန်ပြ
ရပေမည်။ ထိုလုပ်ငန်းတွင် အိမ်ခြံမြေ အရောင်းအဝယ်
နှစ်ဦးသဘောတူကြပြီ ဆိုလျှင် စရံငွေပေးကြသည်။
အပြီးသတ်ရောင်းချမည့်နေ့ သတ်မှတ်ကြသည်။
စရံငွေပေးစာချုပ် ချုပ်ဆိုကြသည်။ ယင်းစာချုပ်တွင်
သတ်မှတ်သည့်နေ့၌ ရောင်းသူဖက်မှ ပျက်ကွက်ပါက
စရံငွေ(၂)ဆပေးလျော်ရန် (သို့မဟုတ်) စရံငွေနှင့်နစ်နာကြေး
ပေးဆောင်ရန် စသည်ဖြင့်လည်း ထည့်သွင်းချူပ်ဆိုလေ့
ရှိကြသည်။ သို့ရာတွင် ရောင်းချရန်သတ်မှတ်သည့်နေ့တွင်
ရောင်းသူမှမရောင်း စရံငွေနှင့်နစ်နာကြေးလည်း
ပြန်မပေး ။
စရံပေးသူများအနက် အချို့က စရံငွေနှင့်နစ်နာကြေးပြန်လိုချင်ကြသည်။
အချို့ကတော့ မြေနှင့်အဆောက်အဦးသာ ဆက်လက်ရောင်းချရန်
အလိုရှိကြသည်။ စာချုပ်ပါအတိုင်းရောင်းဖိုးကျန်ငွေကို ရောင်းသူမှလက်ခံပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးခြင်း။ မြေနှင့်အဆောက်အဦးလက်ရောက်ပေးအပ်ခြင်း ကို
အလိုရှိကြသည်။
တခါတရံ ရောင်းသူက ရောင်းဖိုးကျန်ငွေယူပြီး
မြေနှင့်အဆောက်အဦးကို လွှဲပြောင်းပေးကြသည်။
နှစ်ဦးသဘောတူ အရောင်းအဝယ်ကတိစာချုပ်(အရပ်စာချုပ်)
လည်းချုပ်ပေးသည်။ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်လည်း
သဘောတူကြသည်။
သို့ရာတွင် အမှန်တကယ်
စာချုပ်ချုပ်ရမည့်အချိန်တွင် ရောင်းသူက ငြင်းဆန်ခြင်း။
ရှောင်တိမ်းခြင်းပြုလုပ်လေ့ရှိတတ်ကြသည်။
ထိုကဲ့သို့သောရောင်းသူနှင့်ဝယ်သူတို့ ချုပ်ဆိုထားသော ကတိပဋိညာဉ်
စာချုပ်များအတိုင်း အကောင်အထည်ဖေါ်ပေးရန်ပျက်ကွက်နေပါက ဆောင်ရွက်ရန်နည်းလမ်းမှာ သီးခြားသက်သာခွင့်
ဥပဒေပုဒ်မ ၁၂ အရ တရားစွဲဆိုခြင်းဖြင့် သက်သာခွင့်
တောင်းဆိုနိုင်ပါကြောင်း လေ့လာတွေ့ရှိရပါသည်။
ပြဌာန်းချက်
********
သီးခြားသက်သာခွင့်ဥပဒေ
ပုဒ်မ ၁၂ အခြားနည်းပြဌာန်းချက်ပါရှိသည် မဟုတ်လျှင်
မည်သည့်ပဋ်ညာဉ်တစ်စုံတစ်ရာကို မဆို
သီးခြားဆောင်ရွက်စေရန်အလို့ငှာ တရားရုံးက
ချင့်ချိန်၍ အောက်ပါအချက်များတွင်အတည်ပြုလုပ်ခွင့်
ရသည်-
(က)ဆောင်ရွက်ရန်သဘောတူသည့် အမူအရာမှာ
အားလုံးဖြစ်စေ အချို့အဝက်ဖြစ်စေ ယုံမှတ်
အပ်နှံမှုတစ်စုံတစ်ရာကို ဆောင်ရွက်ရန်ဖြစ်သည့်အချက်
(ခ) ဆောင်ရွက်ရန်သဘောတူပြီးအမူအရာကို
ဆောင်ရွက်သည့်အတွက် ဖြစ်ပွါးစေသည့်
မုချပျက်စီးဆုံးပါးသည့်အရာကို သိသာအောင်
ပြုလုပ်ရန် နည်းနာပုံစံမရှိသည့်အချက်
(ဂ ) ဆောင်ရွက်ရန်သဘောတူသည့်အမူအရာမှာ
မဆောင်ရွက်သည့်အတွက် လျော်ကြေး
ပေးလျော်သော်လည်း ထိုက်သင့်သည့်
သက်သာခွင့် ရနိုင်ရန်မရှိသည့် အမူရာမျိုး
ဖြစ်သည့်အချက်
(ဃ)ဆောင်ရွက်ရန်သဘောတူသည့် အမူအရာကို
မဆောင်ရွက်သည့်အတွက် လျှော်ကြေး
ရနိုင်ရန်လက္ခဏာမရှိသည့်အချက်
အမှုအမျိုးအစားများ(နမူနာ)
*******************
- စရန်ငွေနှစ်ဆပေးလျော်စေလိုမှု
- ကျန်ငွေလက်ခံ၍ မြေ/တိုက်ခန်းလက်ရောက်
ပေးအပ်စေလိုမှု
- မြေကွက်အရောင်းအဝယ်မှတ်ပုံတင်စာချုပ်
ချုပ်ပေးစေလိုမှု
- ပဋိညာဉ်အတိုင်းအရောင်းအဝယ်စာချုပ်ကို
ရေစ္စတီ မှတ်ပုံတင်ပေးစေလိုမှု
- အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆို၍
အိမ်နှင့်မြေလက်ရောက်ပေးအပ်စေလိုမှု
- အရောင်းအဝယ်ကတိပဋိညဉ် ဖျက်သိမ်း၍
မြေကွက်မှထွက်ခွါပေးစေလိုမှု
တရားစွဲဆိုရန်ပေါ်ပေါက်သည့်အချိန်
*************************
အချင်းဖြစ်မြေနှင့်အိမ်(သို့) တိုက်ခန်းအား စရံယူပြီး
ဆက်လက်ရောင်းချရန်ပျက်ကွက်သည့်စာချုပ်ပါနေ့။
ရောင်းဖိုးငွေအပြီးပေးချေပြီးသော်လည်းမှတ်ပုံတင်စာချုပ်
ချုပ်ဆိုပေးရန်ပျက်ကွက်သည့်နေ့။
ကာလစည်းကမ်းသတ်
****************
ရောင်းသူဖက်မှ ကတိပျက်ကွက်သည့်နေ့ (သို)
တရားလိုရှေ့နေ၏နိုတစ်စာစရောက်သည့်နေမှ
(၃)နှစ်အတွင်း
[ ကာလစည်းကမ်းသတ်ဥပဒေအပိုဒ် ၁၁၃ ]
စွဲဆိုရမည့်တရားရုံး
**************
ပစ္စည်းတည်ရှိရာ တရားရုံး
[ တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၆ ]
စီရင်ပိုင်ခွင့်နှင့်ရုံးခွန်အလို့ငှာတန်ဘိုး
*************************
စရံငွေ( သို) အပြီးသတ်ငွေပေးချေသည့်တန်ဘိုး
ထမ်းဆောင်ရမည့်ရုံးခွန်
*****************
အရောင်းအဝယ်ပဋိညာဉ်စာချုပ်ပါ သဘောတူထားသည် ပစ္စည်းအဖိုးစားနားအပေါ် ရုံးခွန်ထမ်းဆောင်ရန်
[ ရုံးခွန်ဥပဒေပုဒ်မ ၇(၁၀)(က) ပထမဇယား ]
တောင်းဆိုနိုင်သောသက်သာခွင့်များ(နမူနာ)
*************************
- စရန်ငွေ(၂)ဆပေးလျှော်ရန်
- စရန်ငွေနှင့်နစ်နာကြေးပေးရန်
- ရောင်းဖိုးငွေနှင့် နစ်နာကြေးပေးရန်
- ရောင်းရန်သဘောတူထားသည့်ငွေအနက်
ကျန်ငွေလက်ခံ၍အိမ်မြေတိုက်ခန်းအားပေးအပ်ရန်
- မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးရန်
- မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးအိမ်မြေလက်ရောက် ပေးအပ်ရန်
- အရောင်းအဝယ်အဝယ်ကတိပဋိညာဉ်ဖျက်သိမ်း၍
အချင်းဖြစ်မြေမှထွက်ခွါစေရန်
- တရားစရိတ်ပေးရန်
Comments
Post a Comment