ရဲအမှုနေ့စဉ်မှတ်တမ်း

တရားခံဖမ်းဆီးလျှင် အမှုနေ့စဉ်မှတ်တမ်းတွင်

အမေး၊အဖြေ ရေးသားရခြင်း အကြောင်းရင်း


တရားသူကြီးတို့သည် ရာဇဝတ်မှုကိုဖြစ်စေ၊တရား

မမှုကိုဖြစ်စေ စစ်ဆေးကြားနာသည့်အခါ တရား

ခွင် နေ့စဉ်မှတ်တမ်းကိုရေးသားရသည်။ထိုနည်းတူ

ပင် အမှုစစ်ရဲအရာရှိတို့ အမှုတစ်ခုကို လက်ခံစစ်ဆေး

ကြသည့်အခါတွင်လည်း အမှုနေ့စဉ်မှတ်တမ်းကို

ရေးသားရသည်။ရဲလက်စွဲဒုတိယတွဲအပိုဒ် ၁၄၃၆

တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ စစ်

ဆေးသော အမှုများကိုပင် အမှုနေ့စဉ်မှတ်တမ်းရေး

သားရန် ညှန်ပြထားလေသည်။အမှုစစ်ရဲအရာရှိတို့

သည် အမှုနေ့စဉ်မှတ်တမ်းများကို ရဲလက်စွဲဒုတိယ

တွဲအပိုဒ် ၁၄၂၃ မှ ၁၄၃၀ ပါပြဌာန်းချက်များကို

လိုက်နာလျှက်ရေးသားရသည်။ရဲစခန်းတွင်ရှိသော

အမှုနေ့စဉ်မှတ်တမ်း(ရဲစခန်းမှတ်ပုံတင် ၂၁)များ

ကို ၂ နှစ်ကျော်ပါက ဖျက်ဆီးရန် ရဲလက်စွဲဒုတိယ

တွဲအပိုဒ် ၁၄၃၀ တွင်ပြဌာန်းထားသည်။သို့ရာတွင်

တရားရုံးမှ အမှုပြီးပြတ်သွား၍သက်ဆိုင်ရာဥပဒေ

ရုံးမှ ပြန်ပို့လာသည့် ရဲအမှုတွဲဟောင်းများမှ အမှုနေ့

စဉ်မှတ်တမ်းများ၊စစ်ဆေးဆဲအမှုများမှ အမှုနေ့စဉ်

မှတ်တမ်းများကိုမူ ၂ နှစ်ကျော်လင့်ကစား ဖျက်ဆီး

ခွင့်ရမည် မဟုတ်ချေ။


အမှုနေ့စဉ်မှတ်တမ်းဟူသည် အမှုစစ်ရဲအရာရှိတစ်

ဦး၏ အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးဆောင်

ရွက်ချက်များကို နေ့စဉ်ရေးသားရသည့် မှတ်တမ်း

တစ်ခုဖြစ်သည်။အမှုနေ့စဉ်မှတ်တမ်းတစ်စောင်ကို

ရေးသားပြီးတိုင်း "ရောက်၊စစ်၊ရှာ၊ဖမ်း၊သိမ်း၊ပြတ်"

ဟူသော အကြောင်းအရာကို အမှုနေ့စဉ်မှတ်တမ်း

အပိတ်တွင် ရေးသားရသည်။ဤသို့ရေးသားကြရာ

တွင် ယေဘုယျဆန်စွာရေးသားလေ့ရှိကြသည့်အမှု

စစ်ရဲအရာရှိများနှင့်တိကျမှုကိုလိုလားသော မြို့နယ်

ရဲတပ်ဖွဲ့မှူးတို့အကြား အခြင်းများကြရလေသည်။

အထူးသဖြင့် "ပြတ် " ဆိုသည့် ယခင်ရေးသားခဲ့သည့်

အမှုနေ့စဉ်မှတ်တမ်းနှင့်ယခုရေးသားသည့် အမှုနေ့

စဉ်မှတ်တမ်းအကြား ကွာဟနေသည့် နေ့ရက်တို့

အကြောင်းကိုဖော်ပြရာတွင်လည်း တိကျသေချာ

စွာရေးသားဖော်ပြရန်လိုအပ်ပေမည်။မိမိစစ်ဆေး

သော အခြားအမှုတစ်စုံတစ်ရာကိုဆောင်ရွက်ပါက

"အခြားအမှုဆောင်ရွက်" ဟုပြီးစလွယ် မရေးကြ

ဘဲ ထိုအမှု၏ (ပ)နံပါတ်၊ပုဒ်မတို့ကိုဖော်ပြထားရုံ

မက ထိုအမှုတွင်လည်း ထိုနေ့များက ရေးသားထား

သည့် အမှုနေ့စဉ်မှတ်တမ်နှင့်ဆောင်ရွက်ချက်များ

ရှိနေကြရန်လိုအပ်ပေမည်။တာဝန်မှူးတာဝန်ဆောင်

ရွက်ခြင်း၊အခြားရဲလုပ်ငန်းတာဝန်ဆောင်ရွက်ခြင်း

တို့ဆိုပါကလည်း ထိုသို့ဆောင်ရွက်ရကြောင်းဖော်

ပြထားသည့် အရပ်ရပ်နေ့စဉ်မှတ်တမ်း အပိုဒ်နှင့်

အချိန်တို့ကိုဖော်ပြရန်လိုအပ်ပါလိမ့်မည်။


ရှေးပဝေသဏီမှသည် မျက်မှောက်ခေတ်အထိ

အမှုစစ်ရဲအရာရှိတို့ တရားခံဖမ်းသည်နှင့်အမှုနေ့

စဉ်မှတ်မ်းတွင် ရေးသားလေ့ရှိကြသည်ကား


မေး။တရားခံဖမ်းဆီးစဉ်ညှင်းပန်းနှိပ်စက်ပါသလား

ဖြေ။မပြုလုပ်ပါ


ဟု၍ဖြစ်သည်။ဤသို့အဘယ်ကြောင့်ရေးသားရ

သည်၊မည်သည့်ပြဌာန်းချက်ကြောင့်ရေးသားရ

သည်ကို အမှုစစ်ရဲအရာရှိတို့သိရှိကြရန် အထူးလို

အပ်ပေသည်။


ရဲလက်စွဲဒုတိယတွဲအပိုဒ် ၁၆၉၃ တွင် တရားခံတစ်

ဦးတစ်ယောက်ကို ဖမ်းဆီးသည်နှင့်တစ်ပြိုင်နက်

အမှုစစ်အရာရှိက စုံထောက်စစ်ဆေးစဉ်တွင် ရဲတပ်

ဖွဲ့ဝင်တို့က ညှင်းပန်းနှိပ်သက်ခြင်း ရှိ မရှိနှင့် တစ်စံာ

တစ်ရာ တိုင်တန်းပြောဆိုရန် ရှိ မရှိကို တရားခံအား

မေးမြန်းပြီး ဖြေဆိုသည့်အချက်များကို အမှုနေ့စဉ်

မှတ်တမ်းတွင် ရေးရမည်ဖြစ်ကြောင်း၊ညှင်းပန်း

နှိပ်စက်ကြောင်း အစစ်ခံပါက အမှုစစ်အရာရှိက

၎င်းတရားခံ၏ကိုယ်တွင် ညှင်းပန်းနှိပ်စက်ထား

သည့် အမှတ်အသား လက္ခဏာများ ရှိ မရှိ စမ်းသပ်

စစ်ဆေးရမည်ဖြစ်ပြီးစစ်ဆေးတွေရှိချက်ကို အမှု

နေ့စဉ်မှတ်တမ်းတွင် ရေးသားရမည်ဖြစ်ကြောင်း၊

အကယ်၍ တရားခံက စမ်းသပ်ကြည့်ရှုစစ်ဆေး

ခွင့်မပြုလိုကြောင်း ငြင်းဆိုလျှင် ထိုသို့ငြင်းဆို

သည့်အကြောင်းကို အမှုနေ့စဉ်မှတ်တမ်းတွင် ရေး

မှတ်ရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။


ရဲလက်စွဲဒုတိယတွဲအပိုဒ် ၁၆၉၄ တွင် တရားခံမှာ

မိန်းမဖြစ်၍ညှင်းပန်းနှိပ်စက်ကြောင်းတိုင်တန်း

လျှောက်ထားသဖြင့်စမ်းသပ်ကြည့်ရှုခွင့်ပြုလျှင်

မိန်းမချင်း စမ်းသပ်ကြည့်ရှုစစ်ဆေးရမည်ဖြစ်

ကြောင်း၊ထိုသို့စမ်းသပ်ကြည့်ရှုရာတွင်သိရှိရသည့်

အချက်အလက်များကို အမှုနေ့စဉ်မှတ်တမ်းတွင်

ရေးသားရမည်ဖြစ်ကြောင်းပြဌာန်းထားသည်။


အမှုနေ့စဉ်မှတ်တမ်းတွင် ဤကဲ့သို့ အမေး၊အဖြေ

ရေးသားဖော်ပြရခြင်း၏ အကျိုးနှင့်ထိရောက်မှု

ကို အမှုစစ်ရဲအရာရှိတို့ကိုယ်တိုင်သာ စဉ်းစားတွေး

ခေါ်ကြပါရန် လေးစားစွာတင်ပြလိုက်ရပေသည်။

Comments