ပုံစံ-၃၀(က) နှင့်ပါတ်သတ်၍
ပုံစံ-၃၀(က)
လယ်မြေကို စိုက်ပျိုးမှုမှအပ အခြားနည်းသုံးပြုရန် လျှောက်ထားချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီး (သို့) ပြည်နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရန် အမှုတွဲဖွင့်လှစ်ဆောင်ရွက်ရသော လုပ်ငန်းစာတွဲအမျိုးအမည်သာဖြစ်၍ ခွင့်ပြုမိန့်လုံးဝမဟုတ်ချေ။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်မြေကို အခြားနည်းသုံးစွဲရန် ခွင့်ပြုမိန့်လက်မှတ်မှာ ပုံစံ-၁၅ ဖြစ်သည်။
အတိုချုပ်ရလျှင် လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်လွှာပုံစံ-၁၄ ၊ မြေစာရင်းပုံစံ-၁၀၅ နှင့်အခြားသောအထောက်အကူပြုစာရွက်စာတမ်းများပြည့်စုံသော လုပ်ငန်းစာတွဲ ပုံစံ၃၀(က)ဖြင့်လျှောက်ထားတင်ပြအရေးယူဆောင်ရွက်မှသာလျှင် ပုံစံ-၁၅ ခွင်ပြုမိန့်ကို ရရှိပေလိမ့်မည်။
သို့အတွက် ပုံစံ-၁၄ လျှောက်ထားပြီးကြောင်း လျှောက်လွှာပြသရုံနှင့် ပုံစံ-၃၀(က)လုပ်ငန်းစာတွဲဓါတ်ပုံမိတ္တူပြသရုံဖြင့် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန်ခွင့်ပြုမိန့်ဟု မထင်မှတ်ကြရန် သတိချပ်ရမည်ဖြစ်သည်။
လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်လျှောက်ထားဆောင်ရွက်ရသောလုပ်ငန်းစာတွဲအမျိုးအမည်မှာ ပုံစံ-၃၀(က)ဖြစ်သလို လယ်မြေမှ အပ အခြားလယ်ယာမြေ(ယာမြေ၊ ဥယျာဉ်ခြံမြေ၊ ဓနိမြေ၊ ကိုင်း/ကျွန်းမြေ )အစရှိသည်တို့အား အခြားနည်းအသုံးပြုရန် လျှောက်ထားဆောင်ရွက်ရသော လုပ်ငန်းစာတွဲအမျိုးအမည်မှာ ပုံစံ ၃၀(ခ)ဖြစ်ပေသည်။
၎င်းကိစ္စရပ်အတွက်လည်း ပုံစံ-၁၄၊ မြေစာရင်းပုံစံ ၁၀၅၊ အခြားသောအထောက်အထားစာရွက်စာတမ်းများနှင့်တကွ လျှောက်ထားဆောင်ရွက်ရပါသည်။
၎င်းလယ်မြေမဟုတ်သော အခြားနည်းဖြင့်အသုံးပြုရန် ထုတ်ပေးမည့်လက်မှတ်မှာ ပုံစံ ၁၅(ခ)ဖြစ်၍တိုင်းဒေသကြီး/ပြည်နည်အစိုးရအဖွဲ့မှ ထုတ်ပေးနိုင်ပေသည်။
ထို့ကြောင့် ဥယျာဉ်မြေပေါ်တွင် တိုက်အိမ်များဆောက်လုပ်၍ သိန်းထောင်ချီရောင်းချနိုင်ခြင်းပင်ဖြစ်ပါလိမ့်မည်၊ ထိုတိုက်အိမ်အား ဝယ်ယူသူများအနေဖြင့် ရောင်းချသူ၏လက်ဝယ်၌ ပုံစံ-၁၅(ခ)ခွင့်ပြုမိန့်ရထားခြင်း ရှိ/မရှိ စိစစ်ဖို့ အထူးပင် သတိထားလိုအပ်လှပေသည်။
Comments
Post a Comment