ကာကွယ်ခုခံပိုင်ခွင့်
ဒုစရိုက်မှုကျူးလွန်သူတွေက
မိမိတို့ရဲ့
အသက်အန္တရာယ်ကိုပါထိခိုက်လာပါက
တရားခံများ သေဆုံးသည်အထိ
မိမိကိုယ်မိမိခုခံကာကွယ်နိုင်ပါကြောင်း
==========================
တရားရုံးများသည် ရာဇဝတ်မှုများ၌
တရားခံအနေဖြင့်
ကာကွယ်ခုခံပိုင်ခွင့်အရ
ကျူးလွန်ရခြင်း ဖြစ်သည်ဟု
ထုချေသည်ဖြစ်စေ
မထုချေသည်ဖြစ်စေ
ရာဇသတ်ကြီးပုဒ်မ ၉၆ ၏
ကင်းလွတ်ချက်အရ အကျုံးဝင်ပါက
တရားခံအပေါ်
ပြစ်ဒဏ်မှ သက်သာခွင့်ပြုနိုင်သည်။
(မောင်သိုင်းနှင့် နိုင်ငံတော်၊ ၁၉၆၂ ခုနှစ်၊BLR)
လူတစ်ဦးက ရန်မူလာလျှင် ထွက်ပြေးရန်မလို။
ရပ်တန့်၍ ခုခံနိုင်သည်။
ရန်မူသူက မိမိအား
ထပ်မံ၍ရန်မမူနိင်သည့်ထိ
ခုခံနိုင်သည်။
မိမိကိုယ်ကို မခုခံဘဲ ထွက်ပြေးရမည်ဟု
ဥပဒေတွင် မရှိ။
(မောင်ကတုံးနှင့်နိုင်ငံတော်၊ ၁၉၄၈ ၊BLR)
ပထွေးကမိခင်ကို ဆေးလိပ်မီးဖြင့်
ထိုးရာတွင်
သမီးဖြစ်သူက ဒဏ်ရာရမည်စိုး၍ ပထွေးအား
ဓားဖြင်ခုတ်ခဲ့သောကြောင့်
ပထွေးမှာဦးခေါင်းဒဏ်ရာရကာ ဆေးရုံ၂ ကြိမ်တက်ပြီးနောက်
သေဆုံးခဲ့သည့် လူသတ်မှုဖြစ်သည်။
လူတစ်ဦးက အားနွဲ့သူအပေါ်
ကြီးနိုင်ငယ်ညှင်းပြုလုပ်လျှင်
ရာဇသတ်ကြီးပုဒ်မ ၉၇ အရ
ခုခံကာကွယ်ပိုင်ခွင့်အတွင်း
ကျရောက်၍
ပြစ်မှုထင်ရှားစီရင်မှုအား ပယ်ဖျက်သည်။
(မတင်မြင့်နှင့်နိုင်ငံတော်၊ ၁၉၆၆ ခုနှစ်၊ ရုံးချုပ်)
သေသူက စတင်ရန်မူပြီး သုံးတောင့်ထိုးလက်နှိပ်ဓာတ်မီးဖြင့် 4/5ချက် ရိုက်၍
တရားခံက ထင်ချောင်းဖြင့်တစ်ချက်ရိုက်၍
ထွက်ပြေးကြောင်း ပေါ်ပေါက်သည်။
တရားခံသည်
မလျော်အခွင့်အရေးသုံးကြောင်း
မပေါ်ပေါက်သဖြင့်
ကာကွယ်ခုခံပိုင်ခွင့်အတွင်း
ပြုလုပ်ခြင်းဖြစ်၍ ပြစ်မှု မမြောက်။
(မန်းမော်ကေးနှင့် နိုငိငံတော်၊ ၁၉၇၉၊ရုံးချုပ်)
လူတစ်ဦး ရန်မူခံနေရသည့်အခါ
ပွဲကြည့်သူတစ်ဦးကဲ့သို့
ခေါင်းအေးအေးထားပြီး
တစ်ဆင့်ပြီးတစ်ဆင့်
မည်ကဲ့သို့ ပြုလုပ်ရမည်ကို
တွေးတောချိန်ဆနေရန်
အချိန်ရမည် မဟုတ်ပေ။
တရားခံသည် မိမိအား ရန်မူသူကို
မြေကြီးပေါ်က လွတ်ကျသွားသည့်ရန်သူ၏ဓားဖြင့်
တစ်ချက်ပြန်ခုတ်လိုက်ခြင်းသည်
ဥပဒေကခွင့်ပြုထားသော
ကာကွယ်ခုခံပိုင်ခွင့်အတွင်း
ပြုလုပ်ခြင်းဖြစ်သည်။
(မောင်အောင်ရှင်နှင့် မြန်မာနိုင်ငံ၊ ၁၉၇၁၊ ရုံးချုပ်)
သို့ဖြစ်၍
ရာဇသတ်ကြီးဥပဒေပုဒ်မ ၉၆ပုဒ်မ ၉၇ ပုဒ်မ ၉၈
ပုဒ်မ ၁၀၀ပုဒ်မ၁၀၃ တို့အရ
မိမိအသက်ခန္ဓာနှင့် တခြာသူများ၏
အသက်ခန္ဓာအိုးအိမ်စည်းစိမ်းအတွက်
အသက်သေစေသည့်အထိ
ကာကွယ်ခုခံပိုင်ခွင့်ရှိပါသည်။
မကာကွယ်မခုခံလျှင်
မိမိနှင့်တခြားသူအား
ဘေးဖြစ်စေလျှင်သော်လည်းကောင်း
အပြင်းအထန်နာကျင်စေလျှင်သော်လည်းကောင်း
မုဒိန်းကျင့်ရန်သော်လည်းကောင်း
ကာမရာဂအား ဓမ္မတာတိုင်းမဟုတ်ပဲ
ဆန့်ကျင်သည်လက်ရောက်မှုသော်လည်းကောင်း
လူခိုးရန်လက်ရောက်မှုသော်လည်းကောင်း
ကျူးလွန်ခြင်း ခံရလျှင်
ကျူးလွန်သည့် မည်သူကိုမဆို
အသက်သေစေသည့်အထိ
ရာဇသတ်ကြီးပုဒ်မ ၁၀၀ အရ
ကာကွယ်ခုခံနိုင်ပါသည်။
ပစ္စည်းနှင့်ပတ်သက်၍
ရာဇသတ်ကြီးပုဒ်မ ၁၀၃ အရ
အောက်ပါအခြေအနေများတွင်
ကျူးလွန်သူ၏အသက် သေစေသည်အထိ
ကာကွယ်ခုခံပိုင်ခွင့်ရရှိပါသည်။
၁ လုယက်မှု
၂ ညအခါ ဖောက်ထွင်းမှု
၃ အဆောက်အဦအား မီးဖြင့် အကျိုးဖျက်ဆီးမှု
၄ မကာကွယ်လျှင် သေဘေးသို့မဟုတ်
အပြင်းမထန်နာကျင်စေမည့်
ခိုးမှု အကျိုးဖျက်ဆီးမှု အိမ်ကျော်နင်းမှု
စသည့် ပြုလုပ်မှုတစ်ရပ်ရပ်အား
ကျူးလွန်ခြင်းခံရပါက
အသက်စေသည့်အထိ ကာကွယ်ခုခံနိုင်ပါသည်။
Comments
Post a Comment