ပုံစံ ၁၀၅၊ ၁၀၆ အနှစ်ချုပ်
ပုံစံ ၁၀၅၊ ၁၀၆ အနှစ်ချုပ်
#ပုံစံ ၁၀၅၊ ၁၀၆ ဆိုတာဘာလဲ❓
ပုံစံ ၁၀၅ ဆိုတာ မှန်ကန်ကြောင်းသက်သေခံနိုင်တဲ့ မိတ္တူမြေပုံဖြစ်ပြီး၊ ပုံစံ ၁၀၆ ဆိုတာကတေ့ မြေပိုင်ဆိုင်မှုအချက်အလက်မှတ်တမ်း အတိုချုပ် ဖြစ်ပါတယ်။
ပုံစံ ၁၀၅/၁၀၆ ကိုမြေပုံ၊ မြေရာဇ၀င် လို့လည်းခေါ်ကြပါတယ်။
တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်/မြို့နယ်ခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကွင်း/အကွက် အမှတ်နှင့်အမည်၊ မြေတိုင်းရပ်ကွက်အမှတ်/အမည်၊ လူနေရပ်ကွက်အမှတ်၊ ဦးပိုင်အမှတ်/မြေကွက်အမှတ်၊ မြေအမျိုးအစား၊ အခွန်စည်းကြပ်ခြင်းရသူ/အငှားချထားခြင်းခံရသူ/ ပိုင်ရှင်အမည်၊ အမည်ပေါက်၊ ပိုင်ဆိုင်ခွင့်အမျိုးအစား၊ ဧရိယာနဲ့ ရေးကူးပေးတဲ့အကြောင်းအရာ စတဲ့အချက်အလက်များကိုသိရှိနိုင်ပါသည်။
#ပုံစံ ၁၀၅ ၁၀၆ ကို ဘယ်ဌာနတွေကထုတ်ပေးတာလဲ❓
သက်ဆိုင်ရာမြို့နယ်မြေစာရင်းဦးစီးဌာန (မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆)
အိုးအိမ်ဦးစီးဌာန ( S-22 / ဆ -၂၂ )
နေပြည်တော်/ မန္တလေး/ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ◀️◀️◀️
#ပုံစံ ၁၀၅ ၁၀၆ လျှောက်ထားရန် ဘာတွေလိုအပ်လဲ❓
အမည်ပေါက်ဖြစ်သူ 🙋♂️
(၁) နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊
(၂) အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူ၊
(၃) ပိုင်ဆိုင်ကြောင်း အထောက်အထား၊
(၄) မြေခွန်မြေခ ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံစာ၊
(၅) လျှောက်ထားသည့်အကြောင်းအရာ
အမည်ပေါက်မဟုတ်သူ 🙅♂️
(၁) နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊
(၂) အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူ၊
(၃) ပိုင်ဆိုင်ရသည့်အထောက်အထား၊
(အရောင်းအဝယ် ဆက်စပ်စာချုပ်များ / တရားရုံး အနိုင်ဒီဂရီ / ပိုင်ဆိုင်သည့်အကြောင်း တရားရုံး ကျမ်းကျိန်လွှာ)
(၄) လျှောက်ထားသည့်အကြောင်းအရာ
#သက်ဆိုင်ရာမြို့နယ်မြေစာရင်းဦးစီးဌာနသို့လျှောက်ထားရန်
၁။ မြေကွက်ပိုင်ရှင်အမှန်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချူပ်ရေးမှူး ၏ ထောက်ခံချက်၊
၂။ အနားလေးဘက် ပတ်ဝန်းကျင်မှ လျောက်ထားသူပိုင်ဆိုင်သောမြေကွက်ဖြစ်ပြီး အရှုပ်အရှင်းကင်းရှင်းကြောင်း ထောက်ခံချက်၊
၃။ မှတ်ပုံတင်မိတ္တူ၊
၄။ အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူ၊
၅။ မြေစာရင်းပုံစံ (၁၀၅) (၁၀၆) ကူးရေးခွင့် လျှောက်ထားချက်။
(သက်ဆိုင်ရာဌာန အသီးသီးတွင် လျှောက်လွှာဖြည့်သွင်းလျှောက် ထားရမည်ဖြစ်ပြီး၊ လျှောက်ထားရန်လိုအပ်ချက်များ ကွာခြားမှုရှိနိုင်ပါတယ်။)
#ပုံစံ ၁၀၅ ၁၀၆ ဆိုတာဘာတွေအတွက်သုံးလို့ရလဲ❓
မြေပုံရာဇဝင် လျှောက်ထားကြတဲ့ အကြောင်းအရာအချို့ကတော့ အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့် လျှောက်ထားရန်၊
ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန်၊
မှတ်တမ်းအဖြစ်ထားရှိရန်၊
ဘဏ်ငွေချေးခွင့် လျှောက်ထားရန်၊
အဝီစိတွင်းတူးခွင့် လျှောက်ထားရန်၊
အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရန်၊ မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားရန်၊
ရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊
အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊
ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊
စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊
မေတ္တာဖြင့် အပိုင်ပေးမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊
လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊
မြေကွက်လဲလှယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊
အမှားပြင်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊
ဌာနဆိုင်ရာတင်ပြရန်၊
မြေအငှားစာချုပ် ချုပ်ဆိုရန်၊
မြေကွက်ပေါင်းစည်းရန် စတဲ့အချက်အလက်တွေအတွက်
အသုံးဝင်ပါတယ်။
#မှတ်ချက် -
(လျှောက်ထားတဲ့ အကြောင်းအရာကိုသာ အသုံးပြုရမှာဖြစ်ပြီး အခြားအကြာင်းအရာကိုပြောင်းလဲအသုံးပြုလို့မရပါဘူး)
Comments
Post a Comment