Burden of proof

 လိုတိုရှင်းဥပဒေ

သာမန်အရပ်သား များအတွက် ဖြစ်ပါတယ်။

#Burden of Proof

မည်သူမဆို မိမိအဆိုပြုသော အ​ကြောင်းခြင်းရာတည်ရှိခြင်းအပေါ် အမှီပြုပြီး တရားဝင်အခွင့်အရေး သို့မဟုတ် တာဝန်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တရားရုံးက စီရင်ဆုံးဖြတ်ပေးစေလိုလျှင် ထိုသူသည် အကြောင်းခြင်းရာများကို တည်ရှိကြောင်း သက်သေထင်ရှားပြရမည် ဥပမာ မောင်အေက မောင်ဘီသည် ပြစ်မှုတစ်ခုကို ကျူးလွန်သည်ဟု ပြောဆို၍ မောင်ဘီအား ပြစ်ဒဏ် စီရင်ရန် တရားရုံးက စီရင်ချက် ချပေးစေလိုသည် မောင်အေက မောင်ဘီ ထိုပြစ်မှုကို ကျူးလွန်ကြောင်း သက်သေထင်ရှားပြရမည်

ယင်းမှာ Burden of Proof ဘာဒန်အော့ဖ်ပရု

သက်သေထင်ရှားတင်ပြရန်တာဝန် ဟုခေါ်သည်

တရားလိုဘက်က စွပ်စွဲဲပြီးလျှင် တာဝန်ကျေပွန် ပြီးဆုံးပြီး စွပ်စွဲခံရသူက မဟုတ်လျှင် ခိုင်လုံစွာ ချေပရမည်ဟု တာဝန်ပခုံးပြောင်း၍ မရချေ။ ပြည့်စုံစွာစုံစမ်း၍ ခိုင်လုံစွာသက်သေထူရန် တာဝန်သည် ယေဘုယျအားဖြင့် တရားလိုပေါ်တွင် တည်နေသည် ဤသို့မဟုတ်လျှင် မသမာသူတို့က လွယ်လွယ်စွပ်စွဲကာ အပြစ်မဲ့သောသူတို့က ခုခံချေပရခြင်းဖြင့် ပင်ပန်းဆင်းရဲ ရှိကြလိမ့်မည်။

(မောင်ကြီးမောင် ပါ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၆၈ မတစ (အထူးရာဇဝတ်ရုံးအယူခံအဖွဲ့)၅၂

ကောလာဟလများ အခြေအမြစ်မရှိသောအကြောင်းများဖြင့် စွပ်စွဲလို့မရခြင်းဖြစ်သည် 😁kk

Comments