FIR
လိုတိုရှင်းဥပဒေ သာမန်အရပ်သား များအတွက် ဖြစ်ပါသည် အက်ဖ်အိုင်အာ (FIR) ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှု ကျူးလွန်ခြင်း နှင့်စပ်လျဉ်း၍ သတင်းပေးချက်ကို ရဲစခန်း တာဝန်ရှိသူထံ ပေးခြင်းအား အက်ဖ်အိုင်အာ (First Information Report) ပထမသတင်းပေးတိုင်ချက် ဟုခေါ်သည် ယင်းတိုင်ချက်ကို ရဲစခန်းတာဝန်ရှိသူထံ - (က)နှုတ်ဖြင့်ပေးခြင်း တိုင်တန်းသူပြောသည့်အတိုင်း နီးစပ်နိုင်သမျှ နီးစပ်အောင် လွယ်ကူစွာ နားလည်နိုင်သော အသုံးအနှုန်းများဖြင့် ရေးမှတ်ယူပြီး ၄င်းအား ပြန်လည်ဖတ်ပြရမည် တိုင်တန်းသူကို လက်မှတ်ရေးထိုးစေရမည် စာမတတ်ပါက လက်ဝဲလက်မပုံစံ နှိပ်ယူပြီး စခန်းမှူးက လက်မှတ်ထိုး ရမည်
(ခ)စာဖြင့်ပေးခြင်း ပထမသတင်းပေးချက် မှတ်ပုံတင်စာအုပ်တွင် ရေးကူးရမည် ရေးကူးသည့်အောက်တွင် ထပ်ဆင့်လက်မှတ်ရေးထိုး၍ နေ့စွဲ တပ်ရမည် သတင်းပေးချက်စာကို မူရင်းတွင် ဂရုတစိုက် တွဲထားကာ ရဲစခန်းတွင် သိမ်းဆည်းထားရမည် (ဂ)စကားပြောကြေးနန်း(တယ်လီဖုန်း)ဖြင့် ပေးခြင်း တယ်လီဖုန်းဖြင့် ရဲစခန်း မှ ရရှိသော သတင်းကို သတင်းလက်ခံသူ ရဲတပ်ကြပ်ကြီးစာရေး က ပထမသတင်းပေးတိုင်ချက် အဖြစ် ရေးယူနိုင်သည် ရဲတပ်ကြပ်ကြီးစာရေး ကိုယ်တိုင် သတင်းပေးသူအဖြစ် လက်မှတ်ရေးထိုးနိုင်သည် (ဃ)ကြိုးမဲ့ကြေးနန်း(သံကြိုးစာ)ဖြင့်ပေးခြင်း ကြိုးမဲ့ကြေးနန်း ဖြင့် ပေးပို့လာပါက ယင်းကို ပေးပို့သူအစစ်အမှန် ရှိကြောင်းနှင့် ထိုသူ အမှန်တကယ် ပေးပို့ခဲ့ကြောင်း အတည်ပြုဆောင်ရွက်ရမည် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်ပွားကြောင်း သတင်ရရှိသည့်အခါ နှောင့်နှေးခြင်းမရှိဘဲ တိုင်ချက် ရေးဖွင့်ရန် အရေးကြီးသည် ရရှိသော သတင်းပေးချက်သည် -အမှုအကြောင်း ကိုယ်တိုင်တစုံတရာ မသိသူက ပေးသော တစ်ဆင့်ကြားစကား ဖြစ်စေ -အမှုအကြောင်း အနည်းငယ်မျှသာ သိသောသူ၏ သတင်းဖြစ်စေ --အမှု၏အကြောင်း အပြည့်အစုံ သိသူ၏ သတင်းဖြစ်စေ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄ အရ ချက်ချင်း တိုင်ချက် ရေးဖွင့်ရမည် #မှတ်ချက် ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှု ကျူးလွန်ကြောင်း #နှုတ်ဖြင့်ဖြစ်စေ #စာဖြင့်ဖြစ်စေ #စကားပြောကြေးနန်းဖြင့်ဖြစ်စေ #ကြိုးမဲ့ကြေးနန်း ဖြင့်ဖြစ်စေ ပေးပါလျက် လက်ခံရေးမှတ်ယူခြင်း မပြုခဲ့သော် သို့မဟုတ် သတင်းပေးတိုင်ကြားသည့်အတိုင်း မဟုတ်ဘဲ တိုင်ကြားသူကို ဖြစ်စေ စွပ်စွဲခံရသူကို ဖြစ်စေ အကျိုးယုတ်လျော့စေရန် သို့မဟုတ် အကျိုးရှိစေရန် အကြံဖြင့် ပြုပြင်ပြောင်းလဲ ရေးမှတ်ယူခဲ့သော် သို့မဟုတ် အမှုထိန်ဝှက်ရန် အကြံဖြင့် ပထမသတင်းပေး တိုင်ချက် မှတ်ပုံတင် စာအုပ် မှ သတင်းပေးချက်ကို ဆုတ်ပစ် ဖျောက်ဖျက်ခဲ့သော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ အရဖြစ်စေ ရာဇသတ်ကြီး ပုဒ်မ ၁၇၇ နှင့် ၂၁၈ တို့အရဖြစ်စေ အရေးယူခြင်းခံရမည့်အပြင် အမြဲတမ်း ထုတ်ပယ်ခြင်းခံရမည် (ရဲလက်စွဲဒုတိယတွဲ စာပိုဒ်၁၄၁၄) 😁kk
Comments
Post a Comment