Hearsay Evidence
လိုတိုရှင်းဥပဒေ သာမန်အရပ်သားများအတွက် ဖြစ်ပါသည်
Hearsay Evidence
စာတမ်းအမှတ်အသားတွင် ပါရှိသော အချက်များမှတစ်ပါး အားလုံးသောအကြောင်းအရာများကို နှုတ်သက်သေခံချက် တင်ပြနိုင်သည် ယင်းနှုတ်သက်သေခံချက်မှာ တိုက်ရိုက်သက်သေခံချက် ဖြစ်ရမည် ဆိုလိုသည်မှာ -မြင်သည့်အကြောင်း ဖြစ်လျှင် မြင်သူကိုယ်တိုင်က အစစ်ခံခြင်း ဖြစ်ရမည် -ကြားသည့်အကြောင်း ဖြစ်လျှင် ကြားသူကိုယ်တိုင်က အစစ်ခံခြင်း ဖြစ်ရမည် အခြားအာရုံတစ်ခုခုဖြင့် သိနိုင်သော အကြောင်းဖြစ်လျှင် ထိုသို့ ကိုယ်တိုင် သိသူက အစစ်ခံခြင်း ဖြစ်ရမည် -ထင်မြင်ချက် ဖြစ်လျှင် ထင်မြင်သူကိုယ်တိုင်က အစစ်ခံခြင်း ဖြစ်ရမည် ထိုသို့မဟုတ်ဘဲ ဘယ်သူမြင်တာပါ ဘယ်သူကြားတာပါ ဘယ်သူပြောတာပါ သိတာပါ ဟုပြောခြင်းသည် တစ်ဆင့်ကြားစကားသာ ဖြစ်သည် ယင်းမှာ
#Hearsay Evidence တစ်ဆင့်ကြားသက်သေခံချက် ဖြစ်ပြီး တရားရုံးက လက်ခံခြင်းမပြုရန် တားမြစ်ထားသည်
ကွယ်လွန်သူ တစ်ဦးက တရားသူကြီး ရှေ့၌ လူစီတန်းပြသရာတွင် ပြောဆိုချက်ကို တရားသူကြီး က သက်သေအဖြစ် အစစ်ခံရာ တရားသူကြီး ၏ထွက်ဆိုချက်မှာ တစ်ဆင့်ကြားစကားမျှသာ ဖြစ်၍ အမှုတွင် အသုံးချခြင်းမပြုနိုင်
မောင်အေးကြည်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ၁၉၆၈ မတစ (တရားရုံးချုပ်)၁၆၃
😁kk
Comments
Post a Comment