Investigation

#စုံစမ်းထောက်လှမ်းခြင်း(INVESTIGATION)

ရဲအရေးပိုင်သည့်မှုခင်းတခုကျူးလွန်မှုဖြစ်ပွားလျှင် ယင်းဖြစ်ပွားမှုကို ရဲစခန်းသို့ ပထမဆုံးစောစွာ လာရောက်တိုင်ကြားခြင်းကို ပထမသတင်းပေးချက်(F.I.R-First Information Report) ဟုခေါ်သည်။ ရဲအရေးယူပိုင်သော ပြစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည့်အခါ နှောင့်နှေးခြင်းမရှိဘဲ တိုင်ချက်ဖွင့်ရန် အရေးကြီးသည်။ရရှိသောသတင်းပေးချက်သည် အမှုအကြောင်းကို ကိုယ်တိုင်တစုံတရာ မသိသူကပေးသော တဆင့်ကြားသတင်းဖြစ်စေ အမှုအကြောင်းအနည်းငယ်မျှသာ သိသောသူ၏ သတင်းဖြစ်စေ အမှု၏အကြောင်းအပြည့်အစုံသိသောသူ၏ သတင်းဖြစ်စေ မည်သည့်သတင်းမျိုးကိုမဆို #ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၅၄ တွင် ပြဌာန်းချက်များအရ ချက်ချင်း တိုင်ချက်ရေးဖွင့်ရမည်။(ရဲလက်စွဲ၁၄၁၄) 

  သတင်းပေးသူက #ပြစ်မှုကျူးလွန်သူကိုမှတ်မိနိုင်ကြောင်း ပြောလျှင် ပထမသတင်းပေးချက်တွင် ထိုပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဌာန်ကို ရေးမှတ်ရမည်။ သို့ရာတွင် မသဲကွဲသောပုံသဏ္ဌာန်၊ အမှားမှားအယွင်းယွင်းဖြစ်စေနိုင်သောပုံသဏ္ဌာန်၊ နှင့် မတိကျသော ပုံသဏ္ဌာန်တို့ကို ပေးစေရန် မတိုက်တွန်းရ။(ရဲလက်စွဲ၁၄၁၃)

 ရဲအရာရှိသည် #မှုခင်းဖြစ်ပွားရာနေရာသို့ ကိုယ်တိုင်ဖြစ်စေ၊ လက်အောက်အရာရှိကိုစေလွှတ်၍ဖြစ်စေ အမှု၏အချက်အလက်များ နှင့် ပတ်ဝန်းကျင်အခြေအနေများကို စုံစမ်းမှုပြုလုပ်ရမည်။ လိုအပ်ပါက ရှာဖွေဖော်ထုတ်မှုများနှင့် ကျူးလွန်သူတရားခံကို ဖမ်းဆီးခြင်းပြုလုပ်ရမည်။(ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၅၇)

 ရဲအရာရှိသည် အမှုနှင့်ပတ်သက်၍ မျက်မြင် သို့မဟုတ် အခြားတနည်းနည်းဖြင့်သိမည်ဟု ယူဆရသော မည်သူကိုမဆို မိမိရှိရာ   #လာရောက်စေရန် စာဖြင့် ဆင့်ခေါ်ခွင့်ရှိသည်။ဆင့်ခေါ်ခံရသူကလဲ ဆင့်ခေါ်သည့်နေရာသို့ လာရမည်။ (ရာကျင့် ပုဒ်မ ၁၆၀)

 စစ်ဆေးခံရသူမှာ မိမိအပေါ် ရာဇဝတ်ကြောင်း စွဲဆိုခံရန်ဖြစ်စေ၊ ပြစ်ဒဏ်၊လျော်ကြေးဒဏ် ထိုက်သင့်ရန်ဖြစ်စေ ရှိသည့်မေးခွန်းမှတပါး #အခြားမေးသမျှကိုဖြေဆိုရန် တာဝန်ရှိသည်။(ရာကျင့် ၁၆၁)

  သက်သေတစုံတယောက်သည် ပြစ်မှုပြုကျင့်သူ၏အမည်ကို မသိသော်လည်း #လူကိုမှတ်မိကြောင်းပြောဆိုလျှင် ၄င်းလူ၏ ပုံသဏ္ဌာန်အကြောင်းအရာများကို အမှုနေ့စဉ်မှတ်တမ်းတွင် ရေးသားရမည်။ ထိုကဲ့သို့အမှုများတွင် စုံစမ်းစစ်ဆေးသူအရာရှိက ပုံသဏ္ဌာန်အကြောင်းအရာများကို အပြည့်အစုံရေးသားရန် တမင်ပျက်ကွက် သို့မဟုတ် ချန်လှပ်ထားလျှင် ကြီးလေးသောအပြစ် ဖြစ်ကြောင်း မှတ်ယူရမည်။ တစုံတယောက်သောသူကို စစ်ဆေးမေးမြန်းရာ တစုံတရာမသိရှိကြောင်း ငြင်းဆိုလျှင် ဤသို့တစုံတရာမသိကြောင်း ငြင်းဆိုချက်ကို နေ့စဉ်မှတ်တမ်းတွင် ရေးမှတ်ရမည်။(ရဲလက်စွဲ ၁၄၂၆)

 #အစစ်အမှန်ဖြစ်ကြောင်းသက်သေခံချက်

ပြစ်မှုတွင် စပ်ဆိုင်ပါဝင်သူကိုဖြစ်စေ၊ ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုဖြစ်စေ မှတ်မိကြောင်းနှင့် သက်သေတစုံတယောက်က ထွက်ဆိုချက်ရှိလျှင် ထိုသူ သို့မဟုတ် ထိုပစ္စည်ူ အမှန်ဖြစ်ကြောင်းကို ခိုင်လုံကျေနပ်မှုရှိစေရန်အတွက် ထိုသူနှင့် သက်တူရွယ်တူ ပုံစံတူသည့် အခြားသူများနှင့်ဖြစ်စေ၊ ထိုပစ္စည်းနှင့်အမ်ျုးအစားတူ သဏ္ဌာန်တူ အခြားပစ္စည်းများနှင့်ဖြစ်စေ ရောနှောတန်းစီ ပြသပြီးနောက် သက်သေက စွဲဆိုညွှန်ပြနိုင်ကြောင်း ဖော်ပြရမည်။ #ထိုသို့ရောနှောတန်းစီပြသရာတွင်နည်းလမ်းတကျ #ပြသခြင်းမရှိ၍ များသောအားဖြင့် တရားရုံးတွင် အမှုများ ပျက်ပြယ်တတ်လေသည်။×××ထိုသို့ တန်းစီရောနှောပြသခြင်းကို တရားသူကြီးရှေ့မှောက်တွင်သာ ပြုလုပ်ရမည်။(ရဲလက်စွဲ ၁၇၁၈)

[ #ပြစ်မှုဆိုင်ရာအမှုများတွင်စွပ်စွဲခံရသူတရားခံကိုဟုတ်မှန်ကြောင်း စွပ်စွဲပြသရန် #လူစီတန်းပြသခြင်း နှင့် သက်သေခံပစ္စည်းကို မှတ်မိခြင်း ရှိမရှိ စီတန်းပြသခြင်းဆိုင်ရာ #ညွှန်ကြားချက် (အမှတ်-၂၀/၈၀ နေ့စွဲ၁၃-၁၀-၁၉၈၀) လည်းဖတ်ပါ ]

ရဲအရာရှိက စုံစမ်းစစ်ဆေးနေစဉ် တဦးတယောက်၏ ထွက်ဆိုချက်ကို ရေးမှတ်ယူရာတွင် ထွက်ဆိုသူက လက်မှတ်မထိုးရ။ ၄င်းရဲထံ ထွက်ဆိုချက်ကို အမှုစစ်ဆေးစီရင်ရာတွင် သက်သေခံအဖြစ် မသုံးရ။ သို့သော်ထိုထွက်ဆိုချက်ကို သက်သေခံဥပဒေပုဒ်မ၁၄၅အရ သက်သေ၏ထွက်ဆိုချက်သည် ရှေ့နောက်မညီကြောင်း၊ပုဒ်မ၁၅၅ အရ သက်သေအားမယုံကြည်ထိုက်ကြောင်း မေးမြန်းသည့်အခါ အသုံးပြုနိုင်သည်။ (ရာကျင့် ၁၆၂)

ရဲကဖြစ်စေ အာဏာပိုင်တယောက်ကဖြစ်စေ သက်သေခံပုဒ်မ၂၄ တွင် ပါဝင်သည့် သွေးဆောင်ခြင်း ခြိမ်းခြောက်ခြင်း ကတိထားခြင်း တစုံတရာကို ကိုယ်တိုင်လဲမပြုလုပ်ရ။ သူတပါးလဲမပြုစေရ။ သို့သော် ယင်းသို့ စုံစမ်းစစ်ဆေးနေစဉ် #မိမိအလိုအလျောက်ထုတ်ဖော်ထွက်ဆို သည်ကို မထွက်ဆိုအောင် မည်သည့်နည်းနဲ့မျှမတားရ (ရာကျင့် ၁၆၃)

ရဲအရာရှိက အမှုမှသက်သေခံပစ္စည်း တင်ပြရန် ကျင့်ထုံးပုဒ်မ၉၄ အရ ဆင့်ဆိုသည်ကို မတင်ပြလျှင် မည်သည့်နေရာတွင်မဆို ဝင်ရောက်ရှာဖွေခွင့်ရသည်။#သက်သေခံပစ္စည်းသိမ်းဆည်းရာတွင့် ကျင့်ထုံးပုဒ်မ ၁၀၂/၁၀၃ နှင့်အညီ ဆောင်ရွက်ရမည်။(ရာကျင့်၁၆၅)

#အစိုးရဓါတုဗေဒဝန်ထံ ထင်မြင်ချက်ပေးရန် ပေးပို့သည့်ပစ္စည်းနှင့် ပတ်သက်၍ ဓါတုဗေဒဝန်က လက်မှတ်ရေးထိုးပြန်ကြားသည့် အစီရင်ခံစာ   သို့မဟုတ်ထင်မြင်ချက်မှာတရားရုံး၌ စစ်ဆေးစီရင်သည့်အခါသက်သေခံအဖြစ်အသံပြုရသည်(ရာကျင့်၅၁၀)

တရားသူကြီးထံ တင်ပိ့ုရန် လုံလောက်သောအထောက်အထား မတွေ့လျှင် တရားခံကိုလွှတ်ရမည်။(ရာကျင့်၁၆၉)

လုံလောက်သောသက်သေအထောက်အထား သို့မဟုတ် အခြေအမြစ်ရှိကြောင်း ယုံကြည်လျှင် တရားရုံးသို့ ရဲအစီရင်ခံစာနှင့် တင်ပို့ရမည်။(ရာကျင့် ၁၇၀/၁၇၃)

 တရားလိုဘက်က စွပ်စွဲပြီးလျှင် တာဝန်ကျေပွန်ပြီးဆုံးပြီး စွပ်စွဲခံရသူက မဟုတ်လျှင် ခိုင်လုံစွာချေပရမည်ဟု တာဝန်ပခုံးပြောင်း၍မရချေ။ ပြည့်စုံစွာ စုံစမ်း၍ ခိုင်လုံစွာ သက်သေထူရန်တာဝန်သည် ယေဘုယျအားဖြင့် တရားလိုဘက်တွင် တည်နေသည်။ ဤသို့သာ မဟုတ်လျှင် #မသမာသူတို့ကလွယ်လွယ်စွပ်စွဲကာ အပြစ်မဲ့သောသူတို့က ခုခံချေပရခြင်းဖြင့် ပင်ပန်းဆင်းရဲရှိကြလိမ့်မည်။

  ဆန္ဒာ ဒေါသာ ဘယာ မောယာ ဟုအဂတိတရားလေးပါးရှိရာတွင် ဒေါသသည်လည်း အဂတိတပါးဖြစ်သည်ကို သတိချပ်ရပေမည်။ အမှုစစ်ဆေးရာတွင် စွပ်စွဲသောပြစ်မှုသည် မည်မျှပင် ကြီးစေ တရားရုံးက အစွဲအလမ်း၊ အဂတိတရားတို့ကို ဖယ်ရှား၍ တည်ငြိမ်ကြည်လင်စွာ အမှန်ကို ဖော်ထုတ် စစ်ဆေးအပ်သည်။ ထိုအမှန် အပြည့်အစုံကို သုံးသပ်ပြီးမှ စွပ်စွဲချက်မှန်မမှန် ကို တည်ငြိမ်စွာ စဉ်းစားအပ်သည်။ × × × × 

  အမှန်ကိုဖော်ထုတ်၍ တရားစီရင်ရာတွင် မျှတဖို့လိုသည်။ ဥပဒေနှင့် ညီညွတ်ဖို့လိုသည်။ အမှုဖြစ်ပေါ်၍ စတင်စုံစမ်းရသော ပုဂ္ဂိုလ်များ၊ ရုံးတွင် အထောက်အထားများကို လုပ်ထုံးနှင့်အညီ တင်သွင်းရသော ပုဂ္ဂိုလ်များ၊ နှစ်ဖက်သက်သေများ၊ တရားခံအကျိုးဆောင်များသည်၄င်း တရားရုံးတရားသူကြီးတို့သည်၄င်း သစ္စာတရားကို လက်ကိုင်ထား၍ ပြည်သူတို့ ယုံကြည်လက်ခံ အားကိုးနိုင်သော တရားစီရင်ရေးကို ဖြစ်ထွန်းစေအပ်သည်။  တစ်ဖက်တွင် အများပြည်သူအကျိုးနှင့် လုံခြုံမှု အတွက် ပြစ်မှုကျူးလွန်သူတို့ကို မြန်မြန်အရေးယူ၍ ထိုက်သင့်သော ပြစ်ဒဏ်ခံစေအပ်သည်။    တစ်ဖက်တွင်လည်း အပြစ်ကင်းသူတို့အား စွပ်စွဲခြင်းကြောင့် တာရှည်ပင်ပန်းရခြင်း၊ မထိုက်သင့်ဘဲ ပြစ်ဒဏ်ကျခံ ရခြင်း မဖြစ်စေအပ်။

  တရားစီရင်ရာတွင် ကိုယ့်အခန်းတွင် ကိုယ် ပါဝင်ရသူဟူသမျှသည် ထိုသို့နှစ်ဖက်မျှတစွာ ချိန်ဆ၍ အထူးဝီရိယစိုက်ထုတ်၍ ပြည်သူတာဝန်ကို ကျေပွန်စေရ၏။

   မှန်ကန်မျှတစေရန်အတွက် အမှုစုံစမ်းရာတွင်၄င်း၊ စစ်ဆေးစီရင်ရာတွင်၄င်း ဝီရိယစိုက်ထုတ်၍ မြန်ဆန်ပြည့်စုံ သေချာစေရန် လိုသည်။ ထိုသို့မဟုတ်လျှင် #တရားခံပင်ပန်းသည်မျှသာမကသေး #အဖြစ်အပျက်မှန်တို့သည်လည်းပျက်ပြယ်တတ်ကြသည်။

#မောင်ကြီးမောင်ပါ၂နှင့်ပြည်ထောင်စုမြန်မာနိုင်ငံ

၁၉၆၈ ခုနှစ် မတစ (အထူး) စာ ၅၂

#kk #ဆက်ပါဦးမည်

Comments